လားရှိုး ဇွန် ၂၅
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ(Community Centre)တွင် ဝန်းထမ်းများ စာပေဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာကျော်လွင်(စက်မှု)ရေးသားသည့် တောအရိပ်တောင်အရိပ် အောက်ကစေတနာပုံရိပ်နှင့်အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာချိုက ဝန်ထမ်းများကစာပေအသိဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုတိုးတက်အောင်မြင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ထို့နောက် ဒေါ်လေးလေးမြင့်(စာကြည့်တိုက်မှူး)က ခြေရာဆောင်းပါး ကိုလည်းကောင်း၊ ဒေါ်မြနွဲ့(အကြီးတန်းစာရေး) ကတောရိပ်တောင်အရိပ်အောက်က စေတနာပုံရိပ်၊နတ်ထွင်းတဲ့ခံတွင်း၊ဆရာကတော်၊တလွဲဆံပင်ကောင်းစသည့် ဆောင်းပါးများကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)