လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ

ပန်းတောင်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားပြီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌက သင်တန်းသား/သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရ သည်။

ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ရွှေတောင်) မှ လ/ထ အင်ဂျင်နီ ယာ ဒေါ်ဖြိုးဖြိုးအောင်မှ သင်တန်း ထွက်ကုန်ချောပစ္စည်းများကို ပန်းတောင်းမြို့နယ် အမျိုး သမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာက လက်ခံ၍ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး