သတင်းများ

မအူပင်ခရိုင် ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ ကျင်းပ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ညနေ ၄ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြသထားကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁)ဦးထပ်မံတွေ့၍ မြို့နယ်အတွင်း ပိုးတွေ့ရှိသူ ၈ ဦးရှိပြီဖြစ်
Jun 26,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စု ၊ ကပ္ပကောင်းကျေးရွာနေ အသက် (၄၀) အရွယ် ရှိ (ကျား) တစ်ဦး မှာ ဖျားနာ၊ ခေါင်းဆိုးသဖြင့် ဇွန် ၂၃ ရက်နေ့တွင် မောင်တောမြို့ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသ မှုခံယူလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများ တွေ့ရှိသဖြင့် Rapid Diagnostic Test(RDT) ဖြင့် စစ်ဆေးခဲ့ရာ Negative အဖြစ် တွေ့ရှိရပြီး ထပ်မံ၍ ဒုတိယအကြိမ် ဇွန် ၂၅ ရက်နေ့တွင် မောင်တောပြည်သူ့ဆေးရုံရှိ Reverse-transcription Polymerase Chain Reaction (RT-PCR) စက်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)များ ဖြန့်ဝေပြီး အသိပညာပေး
Jun 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပထွက်ခွာသွားလာနေကြသူများအား နှာခေါင်း နှင့်ပါးစပ်စည်း(mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် maskများ ဖြန့်ဝေပေးခြင်းကို ယ နေ့ နံနက်ပိုင်းက တာဝန်ရှိသူများသည် လူအများသွားလာရာနေရာများနှင့် ဈေးတို့၌ ဆောင်ရွက်ကြကြောင်းသိရ သည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပ
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၏ သား/သမီးအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jun 26,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်၂၀၂၁−၂၀၂၂ပညာသင်နှစ်အတွက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းများ၏ သား/သမီးများ ပညာသင်ထောင်ပံ့ကြးပေးအပ်ပွဲ အခမ်းအနားကို ဇွန်၂၄ ရက်နေ့က အဆိုပါ ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် များ ပြန်လည် ဖွင့်လှစ်ထားရှိ
Jun 26,2021
မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်များရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဂိတ်တို့ ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
မင်းဘူးမြို့ပေါ်တွင် ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများ စစ်ဆေး
Jun 26,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရန်၊ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရန်တို့အတွက် မင်းဘူးမြို့နယ်မှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့မနက် ၉ နာရီအချိန်က မော်တော်ယာဉ်များအား ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 26,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်သည့်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၈) နာရီက လပွတ္တာခရိုင်၊ ပြင်စလူမြို့  ရပ်ကွက်များအတွင်းရှိ   သင်္ဘောဆိပ်ကမ်း၊   လက်ဖက်ရည်ဆိုင်များ၊‌   ကုန်စုံဆိုင်များ၊   လမ်းသွားလမ်းလာပြည်သူများအားပြင်စလူမြို့ ၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး နှင့်ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ၊   ရပ်ကွက်အုပ်ချုပ်ရေးမှူးများ   ပူးပေါင်း၍  ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။