ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(mask)များ ဖြန့်ဝေပြီး အသိပညာပေး

ဖောင်းပြင် ဇွန် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပထွက်ခွာသွားလာနေကြသူများအား  နှာခေါင်း နှင့်ပါးစပ်စည်း(mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် maskများ ဖြန့်ဝေပေးခြင်းကို ယ နေ့ နံနက်ပိုင်းက တာဝန်ရှိသူများသည် လူအများသွားလာရာနေရာများနှင့် ဈေးတို့၌ ဆောင်ရွက်ကြကြောင်းသိရ သည်။

ထိုသို့ ဆောင်ရွက်ရာ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာတိုင်း  နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ကြရန်နှင့် လူစုလူဝေးများမပြုလုပ်ကြရန်  အသိပ ညာပေးသည်။ ထို့ပြင်နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသော ပြည်သူများအား အခမဲ့ဖြန့်ဝေပေးကြောင်း သိ ရသည်။

အလားတူ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများ၌ သက်ဆိုင် ရာတာဝန်များပေးအပ်ကာ အသိပညာပေးနှိုးဆော်ကြေညာသွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရော ဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက တာဝန်ရှိသူထံမှသိရသည်။

ကိုထွန်း(ဖောင်းပြင်)