မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် များ ပြန်လည် ဖွင့်လှစ်ထားရှိ

မြို့သစ် ဇွန်  ၂၆

မကွေးခရိုင်၊ မြို့သစ်မြို့ မြို့အဝင်ဂိတ်များရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဂိတ်တို့ ၌ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေး အသင်းအဖွဲ့များ  ပူးပေါင်းကာ ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြိုတင်ကာကွယ်ရေး  အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

မြို့သစ်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မြင့်ပြုလုပ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 “လက်ရှိပြည်တွင်း ကူးစက်မှုတွေမြင့်မားနေတဲ့ အချိန်မှာ မြို့သစ်မြို့နယ်အတွင်း  ကူးစက် ပျံ့နှံ့မှုတွေ မရှိစေဖို့အတွက် မြို့နယ် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့လမ်းညွှန်မှုနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့တွေနဲ့ ပူးပေါင်း ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်၊ အဓိကကတော့ မြို့သစ်မြို့ မြို့ အတွင်း ဝင်/ထွက်သွားလာတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေကို   စာရင်းကောက် ယူပြီး ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သတ်တဲ့ အသိပညာဗဟုသုတတွေ အသိပေးတယ်၊ ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း မပါတဲ့သူတွေကို ဒဏ်ကြေးအနေဖြင့် နှာခေါင်းစည်း တစ်ခုကို (၁၀၀)ကျပ်နှုန်းဖြင့် နှာခေါင်းစည်း ဝယ်ယူတပ်ဆင်စေခြင်းများ ဆောင်ရွက်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တာဝန်ခံတစ်ဦးက ပြောသည်။

မြို့သစ်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတ အသင်းအဖွဲ့များက အပြင်ထွက်သည့်အခါတိုင်း နှာ ခေါင်းစည်းများ တပ်ဆင်ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေးနေရာများသို့ မသွား ရန်  အစရှိသည့်   ကြိုတင်ကာကွယ်ရေး  အသိပညာပေးခြင်းတို့ကို  အရှိန်အဟုန်မြှင့်ကာ ပြန်လည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း