မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်းများ၏ သား/သမီးအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မုဒုံ ဇွန် ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်၂၀၂၁−၂၀၂၂ပညာသင်နှစ်အတွက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းများ၏ သား/သမီးများ ပညာသင်ထောင်ပံ့ကြးပေးအပ်ပွဲ အခမ်းအနားကို ဇွန်၂၄ ရက်နေ့က အဆိုပါ ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင့်ဇော်၊ ကမာဝက်မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလွင်နှင့်ဝန်ထမ်းများ တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် အတူ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ပညာကို ကြိုးစားသင်ယူလေ့လာကြစေရန်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက်ရောက် ပညာသင်ကြားမည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းသား/သမီးများအတွက် တက္ကသိုလ်အဆင့်တစ်ဦးလျှင် (၂၅၀၀၀)ကျပ် နှုန်းဖြင့် (၈)ဦး၊ အထက်တန်း အဆင့်တစ်ဦးလျှင်(၂၀၀၀၀)ကျပ်နှုန်းဖြင့်(၁)ဦး၊ အလယ်တန်းအဆင့် တစ်ဦးလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့်(၇)ဦး၊ မူလတန်းအဆင့် တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၁၅)ဦး စုစုပေါင်း(၃၁)ဦးအတွက် စုစုပေါင်းငွေ(၄၇၅၀၀၀)ကျပ်ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

အောင်မျိုးသူ