သတင်းများ

ညောင်ရွှေမြို့နယ် ကျောက်ငှက်ကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်
May 23,2026
ဒေသတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ ခြင်းကို မေ(၂၂) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေး ရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ရွှေပြည်သာမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
May 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား ‌တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကိုအခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ဒေးဒရဲမြို့၌ အခြေခံပညာ အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
May 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပွဲ အခမ်းအနားကို မေ ၂၂ ရက် နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပသည်။
ထန်းတပင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်းဘုတ် စိုက်ထူ
May 23,2026
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူပွဲကို အခြေခံပညာအထက်တန်း (ထန်းတပင်) ကျောင်းရှေ့တွင် ယနေ့ နံနက် ၈ နာရီခွဲက စိုက်ထူခဲ့သည်။
နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာ အသိပညာပေး
May 23,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ပညာပေး ရှင်းလင်း‌ဆွေးနွေးပွဲကို ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ မေ ၂၂ ရက်က ကျင်းပသည်။
ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အ‌သွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
May 23,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား/ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၂ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးစေရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်
May 23,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သုတ၊ ရသစာအုပ်စာစောင်များအား စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းအား ယနေ့နံနက် (၁၀)နာရီက ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေး  အသိပညာပေး
May 23,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်း သားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာအတွင်း Online လိမ်လည်မှုလုပ်ငန်းများလာရောက်လုပ်ကိုင်မှုမရှိစေရေးအတွက် မေ ၂၂ ရက် နံနက် ၉ နာရီက မိုင်းလွေကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကွင်းဆင်းဆောင်ရွက်သည်။