သတင်းများ

မိုင်းလုံ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်း စကားသံ
Dec 19,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံကို ယခုလိုကြား သိခဲ့ရပါသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ် းအမှတ်(အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က(ချောင်းသာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့ Community Centre ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ပန်းချီ၊စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်၊ ပုံပြောပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိ
Dec 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ပန်းချီ၊ စာဖတ်စွမ်းရည်၊ ဆေးရောင်ခြယ်နှင့် ပုံပြောပြိုင်ပွဲများကို ယနေ့မွန်းလွှဲ ၁ နာရီ ၂၀ မိနစ်အချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်း၊ စာ‌ပေဆွေးနွေးပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရှိ Community Centre ခန်းမတွင်  ယနေ့နံနက် ၉ နာရီအချိန်ကစာဖတ်ဝိုင်း၊ စာပေဆွေးနွေးပွဲ နှင့်စာအုပ် စာစောင်ပြပွဲများ ပြုလုပ်ခဲ့သည်။
ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို ကလေးငယ်များ အားကစားပြိုင်ပွဲကျင်းပ
Dec 19,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးများ အားကစားပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါရုံးရှေ့ မျက်နှာစာတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက-တနင်္သာရီ၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းကောင်စီ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 19,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  အထက-တနင်္သာရီကျောင်းဝင်း အတွင်း ၂၀၂၂ ခုနှစ်၊(၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်  ကျောင်းသူ/သားများ ကျောင်းနေပျော်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရေး ရည်ရွယ်လျက် တိုင်း/ ခရိုင်/ မြို့နယ်ပညာရေးဌာနတို့၏ လမ်းညွှန်မှုအရ ကျောင်းတွင်းကျောင်းကောင်စီအသင်း (၅)သင်း တို့မှ အသင်းလိုက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ (၄)ရက်တိတိ နံနက် ၇နာရီ ၃၀အချိန်မှ၉ နာရီအချိန်အတွင်း ပျော်ရွှင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ် ကျောက္ကချားကျေးရွာ၌ ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော် ရေစက်ချပွဲသို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်
Dec 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျောက္ကချား စံပြကျေးရွာ၊ ခမ်းထွန့်ကာ့ ကုန်းပေါ်၌ "ခမ်းတန်ထွန်ကာ အောင်မင်္ဂလာဓမ္မာရုံတော်" ရေစက်ချပွဲ ကို ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖြူးမြို့နယ်တွင် ပြုလုပ်
Dec 19,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ် ကလေးသူငယ်များ လွတ်လပ်ရေးနေ့ကို အစဉ်အမြဲ မမေ့အပ်စေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်စေရေးအတွက် ရည်ရွယ်ကာ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်ကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။