ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နတ်မောက်    ဒီဇင်ဘာ    ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့် ကမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းကိုကြိုတင်ကာကွယ်နိုင်ရန်  မိမိမြို့နယ်အတွင်း အောက်ဆီဂျင် လုံလောက်မှုရှိစေရန်၊  ၁၈ နှစ်နှင့် အထက် ဆေးမထိုးရသေးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြရန် ၊ စျေးသူ/သား များအားလုံး ကာကွယ်ဆေးထိုး နှံကြရန်၊ ကာကွယ် ဆေးထိုးပြီး၊ မပြီးသက်ဆိုင်ရာဌာနများမှ စစ်ဆေးကြပ်မက်ပေးရန်၊ မြို့နယ်ပြန်/ဆက် ဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပက်သတ်ပြီး  အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြကြောင်းသိရသည်။

သင်းသင်းမြတ်