သတင်းများ

ထားဝယ်တက္ကသိုလ်၌ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးလှုပ်ရှားမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Dec 21,2021
မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုပ်ရှားမှုအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ် အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင်လူပြည်သူများအား လူမျိုးဘာသာ မရွေး ကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိသည်။
တုံတာမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် နံရံကပ်စာစောင်ပြသ
Dec 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အရိုးကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်
Dec 21,2021
ဖြူး ဒီဇင်ဘာလ ၂၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အရိုးကျီးပေါင်း ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၁)အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 21,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့နံနက် ၇ နာရီ က စည်ပင်သာယာမြို့မဈေး၊ ဈေးရပ်ကွက်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
ရပ်စောက်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးလျက်ရှိ
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း (Mask)မဖြစ်မနေတပ် ဆင်သွားလာရေး အသိပညာပေး (MaskCamapaign)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန့်မှုဖြင့် ပြည်သူများရောဂါ ကူးစက်မှု မခံရစေရေးစဉ်ဆက်မပြက် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်တွင် လူစည်ကားရာနေရာ ဖြစ်သော လွတ်လပ်ရေး ကျောက်တိုင် မီးပွိုင့်လမ်းဆုံ တွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းရယ်မြို့တွင် တိုင်းရင်းသားဘာသာစကားများဖြင့် ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများ ပြုလုပ်
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းအဖြစ် ယမန်နေ့ ည  (၇)နာရီ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဆော်ဩမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။