သတင်းများ

မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေး လျက်ရှိ
Dec 21,2021
​ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ နံနက် (၈) နာရီအချိန်မှစ၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင် လစာများ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြာပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Dec 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို အမှတ်(၂)ရပ်ကွက် တံတားကြီးထိပ်၌ ယနေ့နံနက်(၉:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနဒေသအဆင့်ရုံး (ပင်းတယ) ကလေးစာဖတ်ခန်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပပြုလုပ် ခဲ့သည်။
စဉ့်ကိုင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယ)အကြိမ်  ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာများမှအသက်(၁၈)နှစ်အထက်  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပဉ္စမအသုတ် (ဒုတိယ) အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ   ယနေ့တွင်(၃၇၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် အောက်စီဂျင်စက်ရုံ၊ သစ်တောဦးစီးအရာရှိ ရုံးအဆောက်အဦးသစ်၊ ရွှေညောင်ပင်တန်းလမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ တတ်ရောက်ဖွင့်လှစ်
Dec 21,2021
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အောက်စီဂျင်စက်ရုံ၊ သစ်တော ဦးစီးအရာရှိ ရုံးအဆောက်အဦးသစ်၊ ရွှေညောင်ပင်တန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲများ သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီအချိန်က တတ်ရောက် ဖဲကြို့းဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ချောင်းသာမြို့၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးရန် ကျန်ရှိသူများကို ယနေ့နံနက် ၉ နာရီက ဘုတ်ဆုံမပညာဒါန ကျောင်းဆောင်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
ရွှေကူမြို့၌ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးထည့်ခြင်း အခမ်းအနားပြုလုပ်
Dec 21,2021
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်အတွင်း ငါးသယံဇာတများကို ထိန်းသိမ်းခြင်း ဖြင့် ငါးရိက္ခာဖူလုံစေရန် ၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် စဉ်ဆက်မပြတ် ငါးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက် ထည့်ခြင်းကို ယနေ့နံနက်   ၁၀  နာရီခန့်က အမှတ်(၃)ရပ်ကွက်ရှိ မြို့ကုန်းရေဆိပ် ပြည်တော်သာ တံတားအနီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။