သတင်းများ

ထန်းတပင်၌ မီးဘေးအန္တရာယ် ကင်းဝေးရေးအသိပေးနှိုးဆော်
Dec 21,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေး စေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန် အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေး နှိုးဆော်မှုများကို ဒီဇင်ဘာလ (၂၀)ရက်နေ့၊ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ အသိပေး နှိုးဆော်မှုများကိုဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်မှတ်တမ်း ဓာတ်ပုံ များပျော်ဘွယ်မြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင်ပြသထား
Dec 21,2021
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်တွင် နေ့ထူးနေ့မြတ်အလိုက် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးအကြောင်းအရာများကို လစဉ်အသစ်လဲလှယ်၍ ပြသဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်း ဓာတ်ပုံများအား ဒီဇင်ဘာလ(၂၀)ရက် ညနေပိုင်းမှစတင်ကာ ပြသထား ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ် အခြေခံမဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း သတ်မှတ်ကာလအတွင်း ပြီးစီးရေး ပေါင်းစပ်ညှိနှိုင်း စည်းဝေး
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် မြို့နယ်‌ရွေးကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲရုံးမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလ အတွင်း ပြီးစီးရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံတိုက်နယ်‌ဆေးရုံ၌ ဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
Dec 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့် ပွားမှု အမြန် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက် (၁၈)နှစ်အထက် ဒေသခံ ပြည်သူများ အကြောင်း အမျိုးမျိုးကြောင့်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လောကဇာတ်ခုံပေါ်မှာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 21,2021
ပြည်သူများစာဖတ်သည့်အ လေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိဉာဏ်ပညာ တိုးတက်မြင့်မားလာပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန် ဝေဖန်သုံးသပ် နိုင်စေရန်နှင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့်လောကဇာတ်ခုံပေါ်မှာ" စာအုပ်ဖြင့် ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်
Dec 21,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှု နှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုးကူးစက်မှု မရှိစေရန်ကြိုတင် ကာကွယ် ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးစဉ်ဆက် မပြတ်အသိ ပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေစည်းခုံရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီခွဲက ဆန်စေတီရပ်ကွက်အတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အရုပ်ခေါက်ပြိုင်ပွဲကျင်းပ
Dec 21,2021
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အရုပ်ခေါက်ပြိုင်ပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၇၅)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိ
Dec 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ယာယီပိတ်ထားခဲ့ရာမှ မြို့နယ်အတွင်း ရောဂါပိုးကူးစက်မှု ကျဆင်းလာသည့် အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို  ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားလျက်ရှိကြောင်း သိရသည်။