သတင်းများ

မောက်မယ်မြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲမျိုး စတင်စမ်းသပ်စိုက်ပျိုး
Dec 21,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နွေစပါးစိုက်ပျိုးမည့်အစား လယ်ထဲ၌ ဆောင်းသီးနှံမတ်ပဲကိုစိုက်ပျိုးသည့် တောင်သူများ ပိုများလာစေရန်နှင့် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြရန်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဦးဆောင်၍  မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ယခုနှစ်တွင် ဆောင်းသီးနှံမတ်ပဲမျိုး (၅)ဧက စမ်းသပ်စိုက်ပျိုး ပြသခြင်းကို  တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 21,2021
ပြည်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲ၊ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ ပြည်သူများ ကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန်အသိပညာပေးနှိုးဆော်
Dec 21,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် (၂)ရပ်ကွက် ရေပေါ်ကျွန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။
တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ အားကစားပြိုင်ပွဲများကျင်းပ
Dec 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံ့ခိုင် ၍ စိတ်ချမ်းမြေ့စွာ ပညာသင်ကြား နိုင်ရန်အတွက် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ တတိယပတ်အတွင်း ကျင်းပလျက်ရှိကြသည်။
ကံမမြို့နယ်တွင် ပင်စင်လစာငွေများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ထုတ်ပေးလျက်ရှိ
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပလောက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင်အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်ပ
Dec 21,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ပင်စင်လစာငွေများ ပုံမှန်ထုတ်နှံပေးလျက်ရှိ
Dec 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက်ပိုင်းတွင် ပင်စင်လစာငွေများ ထုတ်ယူမည့်သူများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် အမှတ် ၁၇ ရပ်ကွက် ဈေးလမ်း ကေတုရတနာခန်းမတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ထုတ်နှံပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်‌ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။