ရှမ်းပြည်နယ်ဝန်ကြီးများ တောင်ကြီးမြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများနှင့် တွေ့ဆုံ
May 23,2026
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးဒေါ်နန်းခမ်းလူ၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ ပြည်နယ်ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မေ(၂၂)ရက် နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။