သတင်းများ

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်း‌ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၁၀ နာရီအချိန် (ဈ) ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲတွင် စွယ်စုံတံခွန်စိုက်ဆုရရှိခဲ့သောမောင်မယ်များအား ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စွယ်စုံတံခွန်စိုက်ဆုအပ်နှင်းခြင်းအခမ်းအနား ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံမြန်မာ့သိုင်းပြိုင်ပွဲ(၂၀၂၅ ခုနှစ်)တွင် စွယ်စုံတံခွန်စိုက်ဆုရရှိခဲ့ကြ‌သော မြို့နယ်ဂုဏ်ဆောင်အားကစားမောင်မယ်များကို ထပ်ဆင့်ဂုဏ်ပြုခြင်းနှင့် စွယ်စုံရတံခွန်စိုက်ဆုအပ်နှင်းခြင်းအခမ်းအနားကို မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးရုပ်ရှင်ရုံခန်းမ၌ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (community center) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါဖြစ်ပွားမှုလျှော့ချနိုင်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်း(ဖုံး၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီက ဆောင်ရွက်သည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေး မင်္ဂလာဒုံမြို့နယ်၌ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစီအစဉ်ဖြင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ သွားလာမှုအဆင်ပြေစေ‌ရေးအတွက် စည်ပင်သာယာလမ်းနယ်ပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေကြသည့် ဈေး သည်များ၊ အမိုးအဖီများ၊ တရားဝင်ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များကို ဖျက်သိမ်းဆောင်ရွက်ခြင်းအား ယမန်နေ့နံနက်ပိုင်းက စည်ပင်သာယာနယ်နိမိတ်အတွင်းခရေပင်လမ်းမကြီးရှိ လမ်းဘေးဝဲ/ယာတစ်လျှောက်တို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများက အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိကြသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 12,2025
“ကမ္ဘာတစ်ဝန်းရှိလူမှုအသိုက်အဝန်း၌ လူငယ်များ၏ အနာဂတ်ကိုအလေးထားလာရန်နှင့် မြှင့်တင်ရန်”ဟူသည့် ရည်ရွယ်ချက်အားဖြင့် ၂၀၂၅ ခုနှစ်သြဂုတ် ၁၂ ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။