သတင်းများ

ဟုမ္မလင်း၌ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 23,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ မူလတန်းပြဆရာ/ ဆရာမများအား၊ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခန့်က၊ ဟုမ္မလင်းမြို့၊ မူလွန်၊ အ.မ.က (၁) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲကျင်းပ
May 23,2026
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြည်တက္ကသိုလ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကျင်းပ
May 23,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာ” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို မေ ၂၂ ရက် နံနက်ပိုင်းက အမှတ်(၁၁၀)ရပ်ကွက်၊ ရိပ်မွန်ဓမ္မာရုံ၌ ကျင်းပသည်။
သရက်မြို့၌ လူငယ်အသိပညာပေး ဟောပြော
May 23,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကို တံခွန် ဘော်ဒါရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်အသိပညာပေး ဟောပြောပွဲကို မေ ၂၂ ရက် နံနက် ၁၀ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပသည်။
ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်း ဖွင့်လှစ်
May 23,2026
ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျောင်းနေအရွယ်ကလေးများအတွက် ပဏာမမျက်စိစမ်းသပ်စစ်ဆေးခြင်း သင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စွမ်းရည်မြှင့် ပြိုင်ပွဲများကျင်းပ
May 23,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေးပြိုင်ပွဲများကို မေ ၂၂ ရက် နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပသည်။
ကျိုက်ထိုမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး အသိပညာပေး
May 23,2026
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို မေ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း၊ ပြည်သူ့ဈေးရှေ့၌ ပူးပေါင်းဆောင်ရွက်သည်။
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
May 23,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။