ရပ်စောက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် စာဖတ်သူတိုးပွားလာစေရန်၊ ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ “စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။