သတင်းများ

လှိုင်မြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန် ကြေညာချက်အား အများပြည်သူများ သိရှိလိုက်နာစေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်
Dec 23,2021
လှိုင်မြို့နယ်တွင် ယမန်နေ့ ၃ နာရီအချိန်က သတိပေးကြေညာချက်အား မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိနိုင်စေရန် အသံချဲ့စက်ဖြင့် လမ်းမကြီးများ အပါအဝင် လမ်းသွယ်များအတွင်း တစ်လမ်းဝင် တစ်လမ်းထွက် လှည့်လည်အသိပေးကြေညာခြင်း ဆောင်ရွက်ခဲ့သည်။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ် ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန် အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံ ဖြင့် ပို့ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်ဖော်ထုတ် ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ် ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက်ရှိ ကြောင်း၊ ထို့အပြင်အချို့သော အကြမ်းဖက်သမားများသည် နိုင်ငံသူနိုင်ငံသားများ၏ မသိ နားမလည်မှု၊ ရိုးသားမှုအပေါ် အခွင့်ကောင်းယူလျက် မိမိတို့၏ တရားမဝင် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိ လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်၌ ကောက်ရိုးထုံးစက်ကိရိယာ (Round Baler) စက်ဖြင့် ကောက်ရိုးထုံးခြင်းတောင်သူပညာပေး ကွင်းသရုပ်ပြပွဲ ကျင်းပ
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်းဖြင့် လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကောက်ရိုးထုံးစက် (Round Baler) ဖြင့် ကောက်ရိုးထုံးခြင်းနည်းစနစ် တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးသန်းဌေး ၏ ကွင်းအမှတ် (၉၁၀) လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်အတွင်းရှိ အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ် 
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးလပတ်အတွက် အသက်( ၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၁၅၉)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီက မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွားနေအိမ်များသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့သည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့မှ ထုတ်ပြန်​ကြေညာချက်အား​ အများပြည်သူများ သိရှိလိုက်နာ​စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိ​ပေး နှိုး​​ဆော်
Dec 23,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ရပ်ကွက်​ပေါင်း (၂၂)ရပ်ကွက်အတွင်း​ နေထိုင်ကြ​သော ပြည်သူအများ သိရှိလိုက်နာ​ဆောင်ရွက်​စေရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရမိလျက် ရှိပါသည်။
ကျိုက်မရောမြို့အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ တည်ဆောက်မှုရာခိုင်နှုန်းပြည့်ပြီးစီး၍ အာကစားဝါသနာရှင်များ အခမဲ့လာရောက်ကစားနိုင်
Dec 23,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မြို့မအားကစားကွင်း၌ တည်ဆောက်ထားသည့် ဖူဆယ်အားကစားရုံ တည်ဆောက်ပြီးစီးမှုရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ရာ ဖူဆယ်အားကစားဝါသနာရှင် လူငယ်များအနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ မည်သူမဆိုအခမဲ့လာရောက်ကစားနိုင်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးထားသည့် ပဲတီစိမ်းများ ဈေးကောင်းရရှိ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေအသုံးပြုစိုက်ပျိုးထားသည့် ပဲတီစိမ်းစိုက်တောင်သူများ စတင်ဆွတ်ခူးရောင်းချချိန် ပဲတီစိမ်း တစ်တင်း ၃၉၀၀၀ ကျပ် ဈေးရောင်းချရခြင်းကြောင့် မြေအောက်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ကမာကေး−ကွင်းကလိန်း−ဆယ်ပလာလမ်း ကတ္တရာခင်းခြင်းနှင့် မုရစ်ကလေး−ခရိုက်ဒူး−ဆယ်ပလာလမ်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု
Dec 23,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး ကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရန် လမ်း၊တံတားများကို ပြုပြင်ဆောင်ရွက်လျှက်ရှိရာ ကမာကေး−ကွင်းကလိန်း−ဆယ်ပလာလမ်း ကတ္တရာခင်းခြင်းနှင့် မုရစ်ကလေး −ခရိုက်ဒူး−ဆယ်ပလာလမ်း ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၂၁ ရက်နေ့က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။