သတင်းများ

တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေး အသိပညာပေးနှိုးဆော်​ခြင်းများ အရှိန်တိုးမြှင့် ဆောင်ရွက်လျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူအား အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။ 
(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​​နေ့ အထိမ်းအမှတ်အကြိုပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Dec 23,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနရုံး၌ ယမန်​နေ့​နေ့လယ် (၁)နာရီအချိန်က (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊​ ဆေး​ရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဟိုပန်၌ တတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာ အုပ်စု၊ နောင်အွန် ​ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်) တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက်  ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေး နှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ရပ်တောင်ပိုင်း၊ အောင်သီရိရပ်ကွက်တွင် မြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်း များက အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် မွေးစမှ (၁) နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Dec 23,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနတွင် မွေးစမှ အသက် (၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 23,2021
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ကျောက်ကြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဒိုက်ဦးမြို့နယ်၌ မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး စီမံချက်ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ကွင်းဆင်း​ဆောင်ရွက်
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မကူးစက်နိုင် သော ရောဂါများ ကာကွယ်ကုသရေးစီမံချက်ဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင် ဦးစီးသော ကျန်းမာရေးဝန်ထမ်းများ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရင်းစစ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန နှင့် ဥပဒေရုံးမှ ဝန်ထမ်းများအား အရပ်တိုင်းတာခြင်း၊ ပေါင်ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် ခြင်း၊ ဆီးချိုသွေးချိုဖောက်၍ စစ်ဆေးပေးခြင်းနှင့် ရောဂါတွေ့ရှိပါက ကုသမှုပေးခြင်း၊ လိုအပ် ပါက လွှဲပြောင်းကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ ​မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။