သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
မြေပုံမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ
Dec 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသသည်။
ပေါင်းတည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက ပေါင်းတည်မြို့ စျေး(၁)၊ စျေး(၂)နှင့် ပျဉ်းပင်ကန်ရပ်ကွက်နေ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အများပြည်သူသိရှိနိုင်စေရန် မြေစိုက်ဘုတ်တွင်ပြသဆောင်ရွက်
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အများပြည်သူသိရှိနိုင် စေရန် မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့သည်။
စုကလိမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 23,2021
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကလေးငယ်များအား ကာယဉာဏ စွမ်းရည်တိုးတက်စေရန် ပြိုင်ပွဲများအား စဉ်ဆက်မပြတ်
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပုသိမ်ကြီးမြို့ Community Centre တွင်ကျင်းပ
Dec 23,2021
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့ နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ က ပြပွဲများ ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာများနေ့ ချင်းပြီး ထုတ်ပေးလျက်ရှိ
Dec 23,2021
သထုံခရိုင် ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန် ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေး လျက်ရှိကြောင်းသိရသည်။
ဟင်္သာတမြို့နယ်တွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါပိုးကူး စက်ပြန့်ပွားမှု လျော့နည်းစေရန် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့၊ တာကလေး ရပ်ကွက် ဦးအောင်မြတ်ကျော် ဘုရားဝန်းပြည်လုံးချမ်းသာခန်းမနှင့် သတ်မှတ်ဆေးထိုးစုရပ်များတွင် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။