သတင်းများ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဓာတ်ပုံပြပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှုမှတ်တမ်းများကို ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ၊ ဒီဇင်ဘာ(၂၃)ရက်နေ့ နံနက်(၉)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမနှင့် ရုံးရှေ့ရှိ မြေစိုက်ဘုတ်တို့တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။
မိသားစုဝင်ငွေတိုးပွားစေရန်မုန်ညင်းပင်များစ နစ်တကျစိုက်ပျိုးခြင်းဖြင့်အထွက်နှုန်းကောင်း၍စီးပွားရေး အဆင်ပြေလျက်ရှိ
Dec 23,2021
ပြည်သူများနေ့စဥ်စားသုံးလျက်ရှိသည့် အသီးအနှံများတွင်ဆောင်းရာသီသီးနှံတစ် မျိုးဖြစ်သည့်အိမ်ရှင်မများ အကြိုက်မုန်ညင်းရွက်အပင်များ ကိုကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင်ခြံစိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရသဖြင့် မိသားစုများအပိုဝင်ငွေရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Dec 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံး အနေဖြင့် အသိပညာ ပေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်းတွင် Online မှတဆင့် ရေနံချောင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် IPRD Yenanchaung Facebook Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့် က ရေနံချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ)တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ  ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 23,2021
တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်း က  ကျင်းပခဲ့ သည်။
တယ်ပင်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဆရာမများက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အသက် ၁၈နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းကို ‌ယနေ့ နံနက် ၉နာရီ က မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
သန်လျင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 23,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး များအား ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၄၀ နှစ်အထက် ရှိသူများအား ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ မဟာအတုလ သဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိ
Dec 23,2021
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့်​နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား အရည်အချင်းပြည့်မှီသူများအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ လူဝင်မှု ကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ သိရသည်။