သတင်းများ

အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပ​စေ​ရေး သန့်ရှင်း​ရေး​ဆောင်ရွက်
Dec 23,2021
မြို့သန့်ရှင့်သာယာလှပ​စေ​ရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်ရက်နေ့ ည(၉း၀၀) နာရီအချိန်က စု​ပေါင်း သန့်ရှင်း​ရေးလုပ် ငန်းများ ​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။.
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်
Dec 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် (၉း၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အမျိုးသမီးများဘဝတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ Talk Show ကျင်းပ
Dec 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က အွန်လိုင်းအသိပညာပေးခြင်း လုပ်ငန်းအဖြစ် အမျိုးသမီးများဘဝတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့  ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ  (Talk Show) ကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်နှင့် ပုံပြောပြိုင်ပွဲ ကျင်းပ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနနှင့် ကလေးစာဖတ် ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄) ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။
အလုံမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌  စာဖတ်ဝိုင်းကျင်းပ
Dec 23,2021
ပြည်သူများစာ​ပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အ​လေ့အထများ ရရှိ​စေရန်၊ အသိပညာ ဗဟုသုတရရှိ​စေရန်နှင့် ​ လူအများနှင့် ပါဝင်​ဆွေး​နွေးတတ်သည့် အ​လေ့အထများ ရရှိ​စေရန်အတွက် ရည်ရွယ်ကာ ယ​နေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆကိဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူမရှိ ဆေးရုံဆင်းခွင့်ရသူ (၅၆၀၈) ဦးရှိ
Dec 23,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်ရက်နေ့ အနံ့ပျောက်၍ လာရောက် ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၅၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ  Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။