သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ
Sep 13,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း ခြင်း၊ အမှိုက်များ၊ မြက်ချုံများ ရှင်းလင်းခြင်း၊ ဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့ တွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှထုတ်ဝေသောကိုဗစ်၁၉ရောဂါကာကွယ်ရေး နှင့်ကုသ ရေးလုပ်ငန်းစဉ်များအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ။
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထုတ် ဝေသောကိုဗစ်၁၉ရောဂါကာ ကွယ်ရေး နှင့်ကုသရေး လုပ်ငန်းစဉ်များအသိပညာပေးလက်ကမ်း စာစောင်များကို စက်တင်ဘာလ၁၂ရက်နေ့ မွန်းလွဲပိုင်းက ပိတောက်ရွှေဝါ ရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဘော်လံတီယာ အဖွဲ့များ ပူးပေါင်းဖြန့်ဝေ ကြကြောင်းသိရသည်။
ပန်း​တောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Sep 13,2021
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်ခန့်က ကမာနက်ကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်(၁၆၅) ကတ်ကို ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက
ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စကောကရင်၊မြန်မာဘာသာများဖြင့်အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်မြန်မာ ဘာသာအပြင်၊ စကောကရင်လူမျိုးအများစုနေထိုင်သော ရပ်ကွက်အစုများတွင် စကောကရင်ဘာသာ​ဖြင့် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ငါ့သရောက်မြို့ ဗိုလ်ချိုဈေးဝန်းကျင် ရေစီးရေလာကောင်းမွန်းရေး မြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သည့်ရေဆိုးမြောင်းတူးဖော်မှုလုပ်ငန်းပြီးစီး
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဗိုလ်ချိုဈေးပတ်ဝန်းကျင် ရေစီးရေလာကောင်းစေရေးအတွက် မြို့ စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ရေဆိုးမြောင်း တူးဖော်မှုလုပ်ငန်းများ စက်တင်ဘာ(၁၃)ရက် နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
ကမမောင်းမြို့အတွင်း ရှိသံဃာတော်များ၊သီလရှင်များနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိစစ်ဆေး
Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ကိုးနဝင်းဘုန်တော်ကြီး ကျောင်း နှင့်အာလောကာရာမကျောင်းတိုက်တို့တွင် သီတင်းသုံးနေကြသော သံဃာ တော်များ၊သီလရှင်များနှင့်ရပ်ဝေးမှ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်း သား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ သိရှိနိုင်စေရန်အတွက် RDT Test kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကမမောင်းမြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။