ငါ့သရောက်၊ စက်တင်ဘာ-၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဗိုလ်ချိုဈေးပတ်ဝန်းကျင် ရေစီးရေလာကောင်းစေရေးအတွက် မြို့ စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျှက်ရှိသည့် ရေဆိုးမြောင်းတူးဖော်မှုလုပ်ငန်းများ စက်တင်ဘာ(၁၃)ရက် နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
ငါ့သရောက်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်းစေရေးအတွက် ရေဆိုးမြောင်းတူးဖော်မှုလုပ်ငန်း အလျား ပေ(၃၀)၊ အနံ(၂)ပေနှင့် အနက်(၄)ပေရှိ၊ လုပ်ငန်း(၂)ခုကို (၂၇-၈-၂၀၂၁)ရက်နေ့မှစတင်၍ အမှတ်(၂)ရပ်ကွက်ရှိ ဗိုလ်ချိုဈေးဝန်းကျင်တွင် ဆောင်ရွက် နေခြင်းဖြစ်ရာ၊ ယခုအခါ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ရေဆိုးမြောင်းတူးဖော်မှုလုပ်ငန်းကို မြို့သန့်ရှင်း သာယာ လှပရေးနှင့် ဈေးအတွင်း/အပြင်မှ ရေများ ရေစီးရေလာ ကောင်းမွန်းစေရေးတို့ကို ဦးတည်၍ မြို့စည်ပင်သာယာရေးအဖွဲ့၏ ယခုနှစ် လျာထားငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ငါ့သရောက် မြို့စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ ဦးနေမျိုးတင့် ထံမှ သိရသည်။
ဒေါ်အေးအေးမိုး(ငါ့သရောက်)