ကော့သောင်း ၊စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထုတ် ဝေသောကိုဗစ်၁၉ရောဂါကာ ကွယ်ရေး နှင့်ကုသရေး လုပ်ငန်းစဉ်များအသိပညာပေးလက်ကမ်း စာစောင်များကို စက်တင်ဘာလ၁၂ရက်နေ့ မွန်းလွဲပိုင်းက ပိတောက်ရွှေဝါ ရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ဘော်လံတီယာ အဖွဲ့များ ပူးပေါင်းဖြန့်ဝေ ကြကြောင်းသိရသည်။
အသိပညာပေးလက်ကမ်းစာစောင်တွင် ကိုဗစ်၁၉ရောဂါကူးစက်ခံရပါက ဖြစ်ပေါ်လာမည့် လက္ခဏာများ၊ ရောဂါ ကူးစက်မှုမဖြစ်ပွားရေး သတိပြု နေထိုင်ရမည့်နည်းလမ်းများ၊ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရန် ရှောင်းရှားရမည့် နေရာများ၊လူတစ်ဦးခြင်းစီ လိုက်နာရမည့်စည်းကမ်းချက်များ၊ ရောဂါကူးစက်မှုများပြားသည့် နေရာသို့ရောက်ရှိ နေပါက ဆင်ခြင်နေထိုင်ရမည့်နည်းလမ်းများ၊ ရောဂါကူးစက် ခံရပါက သိထားသင့်သည့် အချက် များ နှင့်ကနဦး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရောဂါကူးစက်မှုခံရသည့် သံသယရှိပါကရေးပေါ်သောက်သုံးရမည့် ဆေးဝါး များနှင့် အကြံပြု ချက်များအား ရိုက်နှိပ်ဖေါ်ပြပါရှိကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)