ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိ

ဒဂုံအရှေ့ စက်တင်ဘာ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း ခြင်း၊ အမှိုက်များ၊ မြက်ချုံများ ရှင်းလင်းခြင်း၊ ဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သန့်ရှင်းရေး၊ ရေစီးရေလာနှင့် ပန်းဥယျာဉ်အဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၁၂၂)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း (မြို့နယ်ခန်းမရှေ့အနီး) ဝဲ၊ ယာများရှိ  ကိုင်းကျနေသော သစ်ကိုင်းများ၊ မြက်ချုံများ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျ သိမ်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)