ကမမောင်း စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ကိုးနဝင်းဘုန်တော်ကြီး ကျောင်း နှင့်အာလောကာရာမကျောင်းတိုက်တို့တွင် သီတင်းသုံးနေကြသော သံဃာ တော်များ၊သီလရှင်များနှင့်ရပ်ဝေးမှ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်း သား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ သိရှိနိုင်စေရန်အတွက် RDT Test kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကမမောင်းမြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကိုဗစ် -၁၉ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် ကိုးနဝင်းဘုန်းတော်ကြီးကျောင်းနှင့် အာလောကာရာမကျောင်းတိုက်ရှိ သံဃာတော်စုစုပေါင်း( ၄၈)ပါးနှင့် သီလရှင် (၂)ပါး တို့ကိုစစ်ဆေးခဲ့ရာ သံဃာတော်(၁)ပါးတွင် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး ယင်းဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်း ကိစ္စဝေယျာဝစ္စလုပ်ကိုင်ဆောင်ရွက်ပေးကြရသော ဂေါပကလူကြီးများ၊ ကပ္ပိယများ၊ ဘုန်းကြီးကျောင်းသားများ၊ ရပ်ဝေးဒေသများမှ ဘုန်းတော်ကြီးကျောင်းများသို့ လာ ရောက်ခိုလှုံ၍ ပညာသင်ကြားနေသည့်ကျောင်းသား၊ကျောင်းသူများ စသည့်လူပုဂ္ဂိုလ် စုစုပေါင်း(၉၇)ဦးတို့ကို RDT Test kit ဖြင့်စစ်ဆေးပေးခဲ့ရာကျောင်းသား( ၁)ဦးတွင် ကိုဗစ်- ၁၉ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အာလောကာရာမကျောင်းတိုက်ဝင်းအတွင်း သီးသန့် Quarantine ထားရှိ၍ဆေးဝါးကုသပေးသွားမည်ဖြစ်ကြောင်း ၊အဆိုပါ RDT Test kitများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှကူညီထောက်ပံ့ပေးပြီး ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများအား အခမဲ့စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)