သတင်းများ

ပေါင်းတည်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဟောင်းများကို လစဉ်ပုံမှန်ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ မေ ၂၁ ရက်က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းချစ် ဦးဆောင်ကြီးကြပ်၍ လက်ထောက်ဆရာဝန်များ၊ ကျန်းမာရေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ရောက်ရှိလာကြသော အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးအခြေအနေနှင့် ရောဂါအခြေအနေများ စမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးထိုးနှံခြင်း၊ လမ်းညွှန်‌ပေးခြင်းများဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။
နောင်မွန်းမြို့နယ်၌ တောင်ကမ်းပါးယံပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာရေး အခက်အခဲကြုံတွေ့နေရ
May 24,2026
ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို-မချမ်းဘော့-‌‌နောင်မွန်းကားလမ်းမ‌ပေါ်တွင် တောင်ကမ်းပါးယံပြိုကျမှုကြောင့် မေလ ၂၃ ရက် နံနက်ပိုင်းမှ စတင်ပြီးလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၂) ရက်နေ့နံနက် (၉) နာရီအချိန်က ကဝမြို့နယ် ကမ်းနားကျောင်း ကျောင်းတိုက်၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ချောင်းများနှင့် မြစ်ထွက် ပေါက်များအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်းနှင့် စက်ယန္တရားကြီးများဖြင့် တူးဖော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များ ကွင်းဆင်း​ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အဦးနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအနောက်၊ ခနောင်တိုအရှေ့နှင့် သခင်ဘသောင်းရပ်ကွက်တို့တွင် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မေလ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သန့်ရှင်းသာယာရေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ပြုပြင်နိုင်ရေး ကြည့်ရှုစစ်ဆေး
May 24,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း သန့်ရှင်းသာယာရေးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆောက်အအုံများ ပြုပြင်နိုင်ရေးဆောင်ရွက်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
May 24,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းနှင့်အတူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်း၌ ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။