သတင်းများ

ကျောက်ကြီးမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 12,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်
Aug 12,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် စာရေးဆရာ ပြည့်ဆွေ (နတ္တလင်း)၏ စာအုပ်လှူဒါန်းပွဲ အပြီးတွင် စာရေး ဆရာများနှင့် စာပေချစ်သူများ ပူးပေါင်း၍ တက္ကသိုလ်ဘုန်းနိုင် ရေးသားထားသော တပြည်သူမရွှေထား စာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 12,2025
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်မြို့၌ မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ
Aug 12,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူး‌ပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား ငွေသားများပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေသားများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့ အ.ထ.က (၁) ကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ၂၀၂၅ ခုနှစ်၊ လူရည်ချွန်ဂုဏ်ပြုဆု၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသော ဆရာ/မများ၊ ကျောင်းတွင်း ပညာရည်ချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ ရွှေညီလာခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 12,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား လူငယ်စကားဝိုင်းကျင်းပ
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးဆောင်ပြီး ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတွင် ဒုတိယပိုင်းအစီအစဥ်အဖြစ် လူငယ်စကားဝိုင်းကို ယနေ့မွန့်းတည့် ၁၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီကရီ၊ ကောလိပ် ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။