သတင်းများ

ပြည်ကြီးတံခွန်မြို့နယ်၌ လွှတ်တော် ကိုယ်စားလှယ်ဖလား U -13 ဘောလုံးပြိုင်ပွဲကျင်းပ
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြီးမှူး၍ ယမန်နေ့ နံနက် ၇ နာရီက ၅၆ လမ်း၊ ၁၂၇×၁၂၈ ကြားရှိ ထထ-၃၆၊ အားကစားကွင်း၌ လွှတ်တော်ကိုယ်စားလှယ်ဖလား U-13 ဘောလုံးပြိုင်ပွဲ ကျင်းပသည်။
ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန် နည်းပညာပေးဆောင်ရွက်
May 24,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ပန်းတိုင်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးနှင့် သဘာဝမြေဩဇာများ စနစ်တကျသုံးစွဲစေရေး ဟောပြောပွဲကို မေ ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မြေနဲလေးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ပညာပေးဟောပြောဆွေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 24,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
May 24,2026
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် မေလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
မုဒုံမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
May 24,2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်းပြိုင်နှင့် ဘလောက်ညောင်ဝိုင်းကျေးရွာ၌ ဆောင်ရွက်သည့် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
သဲကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကျင်းပ
May 24,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လှိုင်းဘွဲမြို့၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ပို့ချ
May 24,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများတွင် သင်ကြားမည့် အခြေခံပညာအလယ် တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်ကြားပို့ချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  နေပြည်‌တော်အတွင်း သန့်ရှင်းသာယာလှပစေရေး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းဆောင်ရွက်
May 24,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်  နေပြည်တော်ကောင်စီဝင်များ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင်  မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်၊ အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျစွန့်ပစ်ရန်အမှိုက်ပုံးများ လုံလောက်စွာထားရှိပြီး အချိန်မှန်စွန့်ပစ်ရန်၊ ကျောင်းဝင်းအတွင်း သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ သောက်သုံး‌ရေ လုံလောက်စွာ ရရှိ‌ရေးမှာကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် သင်ထောက်ကူပစ္စည်းများ‌ ပေးအပ်သည်။