သတင်းများ

မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီ‌နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲပြုလုပ်
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ၂၀၂၆ ခုနှစ်၊ မေ ၈ ရက်နေ့တွင်ကျရောက်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ စုဆောင်းငွေအပေါ် အတိုးများပေးအပ်ခြင်းနှင့် ထိုင်ခုံများပေးအပ်လှူဒါန်းပွဲကျင်းပ
May 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက် စုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းနှင့် ပလတ်စတစ်ထိုင်ခုံများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမ တွင် ယမန်နေ့ညနေ(၄)နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တွေ့ဆုံ
May 24,2026
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း တွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
စမ်းချောင်းမြို့နယ်၌ Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား တာ၀န်ရှိသူများ ကြည့်ရှုအားပေး
May 24,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ ပဒုမ္မာအားကစားကွင်း၌ Football For School Program ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား တာ၀န်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
May 24,2026
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူ တာပန်ချီပြိုင်ပွဲများ ကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းတွင်လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (မကွေး) ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးသည်။
တန့်ယန်းမြို့နယ်တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 24,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးစတင်၍ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင် စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင် နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်းကာ မေလ ၂၃ ရက်နေ့နံနက် ၈ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး
May 24,2026
မကြာမီကာလအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေစေရေးအတွက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
နမ့်စန်တွင် Football For School Program အစီအစဉ်ဖြင့် ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့ နှင့် စစ်တုရင်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 24,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော Football For School Program အရပြုလုပ်သည့် ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် စစ်တုရင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင်ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။