သတင်းများ

မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 22,2025
ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့နယ် ကောင်းလန်းအုပ်စု၊ ကောင်းလန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက အသင်းဝင်သားဖွားမိခင်များကို ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် တစ်နှစ်တာ ငွေစာရင်းရှင်းတမ်းများ ချပြရှင်းလင်း
May 22,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတလူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် အသင်းဝင်သားဖွားမိခင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသင်း၏တစ်နှစ်တာကာလ ငွေစာရင်းရှင်းတမ်းများချပြရှင်းလင်းခြင်း အခမ်းအနားကို မေ ၂၁ ရက်နေ့က အဆိုပါ ကျေးရွာရှိ မေတ္တာရင်ခွင်စာကြည့်တိုက်တွင် ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
May 22,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းအားလုံးကို ဇွန်လ (၂) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းများကို မေ (၂၂) နေ့ နံနက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိရာ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း အခြေခံပညာကျောင်းများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိ ကကျောင်းများအားလုံး ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်သည်။
ကျောက်တလုံးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်
May 22,2025
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းအချိန်မှ စတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းအပ်နှံမှု စတင်လက်ခံ
May 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်
May 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် မေလ(၂၂)ရက်နေ့မှစတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ပညာသင်ကြားပေးနိုင်ရန်အတွက် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံကျောင်းကော်မတီထံမှ သိရသည်။
ကဝမြို့နယ်တွင် မူလတန်းဆင့်(KG and Grade-1/2/3/4)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
May 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်(KG and Grade-1/2/3/4)ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့မွန်းလွဲ(၂)နာရီအချိန်က  အ‌ခြေခံပညာအထက်တန်းကျောင်း(ကဝ)၊ ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများဆောင်ရွက်
May 22,2025
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု လက်ခံခြင်းများကို  စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။