ကော့ကရိတ် စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စား သုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ Online မှတစ်ဆင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာအသိ ပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ပြန် /ဆက်ဦးစီးဌာန ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှနွယ်က စားသုံး သူဆိုင်ရာ အသိ ပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး၊ စားသုံးသူရေးရာ ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးသက်လွင်က ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားသုံးသူများအနေဖြင့် နစ်နာမှု မရှိစေရေးအတွက် စျေး အရောင်း ဆိုင်များ၊ ဆေးဆိုင်များတွင် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ စျေးနှုန်းမြင့်တင်ရောင်းချခြင်း ရှိ/မရှိကို သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးအရောင်း ဆိုင်များတွင် ဆေးဝါး သိုလှောင်ထားရှိမှု ရှိ /မရှိ စစ်ဆေးခြင်း၊ တောင်သူကြီးများအတွက် အကျိုး ပြုလုပ်ငန်းများဖြစ်သည့် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ စျေးနှုန်းမြှင့် တင်ရောင်းချမှု မရှိစေ ရေးအတွက် အဆိုပါ အရောင်းဆိုင်များအား စစ်ဆေးခြင်း၊ ကိုဗစ် - ၁၉ရောဂါကာ ကွယ်ဆေးထိုးနှံ မှုလုပ်ငန်းများနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်တစ်ပြည် တစ်ထောင်နှင့် ကြက်ဥတစ်လုံး တစ်ရာနှုန်းဖြင့် ပြည်သူများ စျေးနှုန်း သက်သာစွာ ရောင်းချမှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကျေးရွာများရှိ တောင်သူကြီးများ ထံသို့ သွားရောက်၍ သီးနှံအထွက် တိုးနှုန်း ရှိ/မရှိ စစ်တမ်းကောက်ယူခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ထုတ်ကုန် လုံခြုံမှုတွင် ပါဝင်ရမည့်အချက်များနှင့် ကိုဗစ် - ၁၉ရောဂါ ပျောက်ကင်းလာသည့်အချိန်၌ မိမိတို့ ဌာန အနေဖြင့် ရှေ့ဆက်ဆောင် ရွက်မည့် စားသုံးသူရေးရာအသိပညာပေးလုပ်ငန်းများကို ပြည်သူ များ သိရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ခရိုင် (ပြန် / ဆက်)