ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

ကော့သောင်း၊ စက်တင်ဘာ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့    မဥ္ဇူသကခန်းမ၌    ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး များ ဆက်လက်လက်ထိုးနှံပေးလျက်ရှိသည်။          

အဆိုပါ ကာကွယ်ဆေးများကို  မြို့နယ်အတွင်းရှိ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် သူများ အား ဦးစားပေးအုပ်စုအလိုက်ဖြစ်သည့် အသက်(၅၅)နှစ်အထက်ပြည်သူများ၊ ဝန်ထမ်းများ၊ အတူနေ ဝန်ထမ်း မိသားစုများ၊   ရေလုပ်သားများ၊   စည်ပင်သာယာရေးအဖွဲ့ကြီးကြပ်မှုအောက်ရှိ ဈေးသူဈေးသားများ၊စက်ရုံ အလုပ် ရုံဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများနှင့်   ပြည်သူ များအား စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာ(၄)ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ  ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဖြိုးပိုင်(ကော့သောင်း)