သရက်ချောင်း စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်၌ စက်တင်ဘာ ၂၂ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၆၂၅)ဦး ရှိပြီး ရောဂါ သက်သာ ပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၅၆၂)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
သရက်ချောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဖျားခြင်း၊နှာစေးချောင်းဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းနှင့် လည်ချောင်းနာခြင်း စသည့်လက္ခဏာများကြောင့် လာရောက်ပြသသည့် ပြင်ပမှ လူနာများအား (တနင်္လာ၊ ဗုဒ္ဓဟူး နှင့်သောကြာနေ့) များတွင် တာဝန်ခံဆရာဝန် ဒေါက်တာ ဝင်းဇော်ဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT(Test-Kit)ဖြင့် အပတ် စဉ်စစ်ဆေး ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ် ၁၉ ရောဂါ ပိုးအတည်ပြုလူနာများအား မြို့နယ်အားကစား ခန်းမနှင့် ပြည်သူ့ ဆေးရုံနေရာ များတွင်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါးကုသမှု ခံယူ နေစဉ် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူများအား ဆေးရုံဆင်းခွင့်ပြုခဲ့သူများအား မိမိနေ အိမ်တွင် လည်း Home Quarantine (၇) ရက်တိတိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သီးခြား နေထိုင်ကြရန် သတိပေးမှာကြားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်းမြို့နယ်တွင် စက်တင်ဘာ(၂၂)ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ (၆၂၅)ဦး၊ ဆေးဝါး ကုသမှုခံယူနေသူ (၂၉)ဦး၊ သေဆုံးသူ(၃၁)ဦး၊ ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၅၆၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ထံမှသိရသည်။
သရက်ချောင်း ( ပြန်/ဆက် )