ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် Mobile ဈေးကားနှင့် သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ဒဂုံမြောက် မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး ​ကော်မတီတိရစ္ဆာန်​ ဆေးကုသ​ရေးနှင့် သားသတ်ရုံများဌာန၊​ စျေးများဌာနနှင့် သန့်ရှင်း​ရေဌာနတို့မှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းကအမှတ် (၃၀) ရပ်ကွက်၊ ဆောင်းဟေမန် အိမ်ရာတွင် တိရစ္ဆာန်​ဆေးကုသ​ရေးနှင့် သားသတ်ရုံများဌာနမှ ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများ ကိုလည်းကောင်း၊ ​စျေးများဌာနမှ​ ရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်​ကောင်း၊ ပတ်ဝန်းကျင်သန့်ရှင်း​ရေးဌာနမှကုန်စိမ်းနှင့် ကုန်​ခြောက်အမျိုးမျိုးကို​ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀) ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀) ကျပ်၊ ကြက်ဥ(၁၀)လုံးပါတစ်ကဒ် (၁၃၀၀) ကျပ်၊ ဆန်​ချော (၅) ပြည်ပါတစ်အိတ် (၈၅၀၀) ကျပ်၊ ဆန်ကြမ်း (၅) ပြည်ပါ တစ်အိတ် (၅၀၀၀) ကျပ်၊ ဆီ (၅၀) ကျပ်သား တစ်ဘူး (၁၈၅၀) ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ