လားရှိုးမြို့တွင် Stay at home ပယ်ဖျက်ပြီးနောက် အခြေခံကျောင်းများစတင်ဖွင့်လှစ်

လားရှိုး    ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုဝင်ဘာလ ၂၅ရက်နေ့မှစ၍ Stay at home အစီ အစဉ်မှ ပယ်ဖျက်ပြီးနောက် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်  ခဲ့ကြောင်း သိရသည်။

အဆိုပါအခြေခံကျောင်းများဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လားရှိုးမြို့ မြို့နယ်ပညာရေးမှူးဦးချစ်သန်းညွှန့် က ‘လားရှိုးမြို့အား နိုဝင်ဘာလ ၂၅ရက်နေ့မှစ၍ Stay at home အစီအစဉ်မှပယ်ဖျက်ခဲ့သည့်အတွက် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ တပ်ဘက်နယ်ဘက် တာဝန်ရှိလူကြီး များနှင့် အခြေခံကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆေးဖြန်းခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအစီအမံများဆောင် ရွက်ခြင်းများကို ကြိုတင်ပြင်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၃၀)ရက် နေ့မှစ၍ ရှမ်းပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် အခြေကျောင်းများကိုဖွင့်လှစ်ခဲ့ကြောင်း၊ လားရှိုးမြို့ပေါ် အနေဖြင့်် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းပေါင်း(၃၉)ကျောင်းစလုံး ဖွင့်လှစ်နိုင် ခဲ့ကြောင်း၊ ကျန်ရှိသော နယ်ကျောင်းများကိုလည်း ဒီဇင်ဘာလ(၁) ရက်နေ့မှစ၍ ဖွင့်လှစ်ရန်စီစဉ် ထားကြောင်း၊ ကျောင်းသား/သူများအတွက် လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စများကိုလည်း တာဝန်ရှိသူ များနှင့်စဉ်ဆက်မပြတ်စီမံဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အခြေခံပညာကျောင်းများကို ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရှမ်းပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး