ကျိုက်ထိုမြို့နယ်၌ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးရေး Physical Fitness Dance သရုပ်ပြပွဲ
Dec 05,2021
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီက Physical Fitness Danceသရုပ်ပြပွဲကိုOnlineမှတစ်ဆင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။အဆိုပါPhysical Fitness Danceဖြင့်သရုပ်ပြပေးခြင်းသည်လူကြီး ၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်မျိုးဖြစ်သည့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် လူတိုင်းလိုက်ပါ လှုပ်ရှားကစားနိုင်သည့် ကစားနည်းဖြစ်၍ အကျိုးကျေးဇူးရရှိစေရန်Online မှတဆင့် ပြသပေးခြင်းဖြစ်သည်။