ပခုက္ကူ နိုဝင်ဘာ ၃၀
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်ကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ် သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ အကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ ၂၀၂၂ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ သင်တန်းကာလ လေးလကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေး သွားမည်ဖြစ်ပြီး ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်တို့မှ သင်တန်းသူ ၅၀ ဦး တက်ရောက် ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)