ဝမ်းတွင်း နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်အသက်(၆၅)နှစ်အထက်ပြည်သူများနှင့်ဒေသခံပြည်သူများအားကိုဗစ်၁၉ရောဂါကာကွယ်ဆေးSinopharm၊FirstDose၊SecondDoseထိုးနှံ ပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်ခန်းမစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
Covid19 ရောဂါ ကာကွယ်ဆေးSinopharm၊ FirstDose၊ SecondDose ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင်မြို့ပေါ်ရပ်ကွက်/ကျေးရွာများအုပ်စုများရှိအသက်(၆၅)နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီးကျန်းမာရေး ကောင်းမွန်သူအသက်(၆၅)နှစ် ထက်ရှိသူများ၊ ဒေသခံပြည်သူ(၆၄၅)ဦးအား ကာကွယ်ဆေးများထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinopharmထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင် စေရေးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ကျန်မာရေးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူများက ပူး ပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုရဲ(ဝမ်းတွင်း)