Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လိပ်သိုမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန် အသိပညာပေး နှိုးဆော်မှုများကို ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများနှင့် မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာများနှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Nov 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ် ကဒဲကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဒုတိယနေ့ ဆက်လက်ကွင်းဆင်းဆောင်ရွက်
Nov 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို နို၀င်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကဒဲကျေးရွာ အုပ်စု၌ ဒုတိယနေ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘို့မြို့တွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြပွဲ ကျင်းပ
Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို့မြို့တွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီက အောင်ချမ်းသာကျေးရွာရှိ တောင်သူ ဦးဆန်းဝင်း၏ ပေါ်ဆန်းရင်(RS) မျိုးသန့်စိုက်ခင်း(၃)ဧကတွင် ကျင်းပပြုသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကဝမြို့ပေါ်ရပ်ကွက်များနှင့် မိုးဂနိမ်း၊ မိုးမြန်မာ၊ ပေါက်ကုန်းကျေးရွာများ၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွ နေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အမျိုးသားနေ့ (အကြို) ကဗျာ ရွတ် ပြိုင်ပွဲကျင်းပ
Nov 26,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများ အား (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပေါက်ခေါင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21466
Page
21467
Page
21468
Page
21469
Current page
21470
Page
21471
Page
21472
Page
21473
Page
21474
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department