ဒေးဒရဲမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများနှင့် မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသ

ဒေးဒရဲ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြောင်းသိကောင်းစရာများနှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး နံရံကပ်စာစောင်များတွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ ဆောင်ပုဒ်၊ ဗြိတိသျှတို့ ပြဌာန်းခဲ့သည့် ကျွန်ပညာရေးဥပဒေ၊ အမျိုးသားပညာရေး ၊အမျိုးသားနေ့အထိမ်းအမှတ် ဆုရကဗျာများ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေး အကြောင်းအရာများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုကျိုးများအကြောင်း သိကောင်းစရာများကို မှတ်တမ်းဓာတ်ပုံများဖြင့် အများပြည်သူလေ့လာဖတ်ရှုနိုင်ရေး ခင်းကျင်းပြသထားကြောင်း သိရသည်။

အေဇာလင်း