လိပ်သိုမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

လိပ်သို  နိုဝင်ဘာ  ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်  ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်မှုများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်  လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့ အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ    ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြ စေရန်   အသိပညာပေး  နှိုးဆော်မှုများကို    ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင်လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက   မိဘပြည်သူများ အနေဖြင့်     မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊  ပြင်ပမှ လာသောဧည့်သည်များ  လက်မခံပါရန်၊  အခြားသူများထံသို့  သွားရောက် လည်ပတ်ခြင်း  မပြုရန်၊    မဖြစ်မနေ  အရေးကြီးကိစ္စကြောင့်   အပြင်ထွက်ရပါက   ပါးစပ်နှင့်နှာခေါင်းစည်း  (Mask)    များကို  စနစ်တကျ  တပ်ဆင်ကြရန်၊  လူစုလူဝေးပြုလုပ်ခြင်းကို  ရှောင်ကြဉ်ကြရန်၊   လက်ကို စက္ကန့်(၂၀)ကြာအောင်  စနစ်တကျ  ဆေးကြောကြရန်၊   မိမိတို့၌  ရောဂါပိုးကူးစက်ခံ ရသည်ဟု  သံသယရှိပါက   နီးစပ်ရာ  ကျန်းမာရေးဌာနသို့    ဆက်သွယ် အကြောင်းကြားရန်  စသည့်အချက်များကို    ရပ်ကွက်အတွင်း   လိုက်လံနှိုးဆော်  ပေးခဲ့ကြောင်း   သိရသည်။

လိပ်သိုမြို့ ပြန်/ဆက်