သတင်းများ

တုံတာမြို့၌ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့ နံနက် ၉ နာရီ အချိန်က တုံတာမြို့ ရပ်ကွက်-၃ ရှိ အခြခံပညာအလယ်တန်းကျောင်းတွင် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိသည်။
(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ပျော်ပွဲရွှင်ပွဲများကျင်းပ
Nov 25,2021
ကလေးငယ်များ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ဉာဏ်ရည်ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်ရည်ရွယ်၍ (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပျော်ပွဲရွှင်ပွဲများကို ယနေ့ နံနက် ၈ နာရီ က မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရွှေဘိုမြို့ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု (Community Centre)ခန်းမ၌ စာရေးဆရာ မြတ်သာထွန်း(ရွှေစံပြ)၏ ကြီးပွားချင်းအစ အလုပ်က ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်
Nov 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဇာတိသွေးနှင့် ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်းတွင် ရေးသားထားသော စာရေးဆရာမြတ်သာထွန်း (ရွှေစံပြ)၏ ကြီးပွားခြင်း အစ အလုပ်က ဆောင်းပါးကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကူးစက်မှုများ ပ​ပျောက်​ရေး အထူးစီမံချက်ဖြင့် ​ဆောင်ရွက်လျက်ရှိ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှု ပ​ပျောက်​ရေးအတွက် ​အထူးစီမံချက်ဖြင့် ​ယ​မန်​နေ့ နံနက်ပိုင်းက Covid-19 Fever Clinic နှင့် မြို့ဝင်ဘီးခွန်ဂိတ်အနီးတို့တွင် ကွင်းဆင်းစစ်​ဆေး​ပေးခဲ့ရာ ကိုဗစ်-၁၉ ​ရောဂါ အတည်ပြုလူနာ (၂) ဦး ​တွေ့ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရေးဆွဲခြင်း(VDP)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု ၆လ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်း(VDP) သင်တန်းဆင်ပွဲ အခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲကျင်းပခဲ့ကြောင်းသိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် နေ့ထူးနေ့မြတ်များ အကြောင်း သိစေရန်နှင့် ဗဟုသုတ ရရှိနိုင်စေရန်အတွက် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေ သော သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက်ပိုင်းက အနော်ရထာလမ်းမကြီးရှိ လမ်းသွား/လမ်းလာများ၊ အမှတ်(၂၀)စျေးကြီးအတွင်းရှိ စျေးသည်များနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
ငါန်းဇွန်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက် ၁၂.နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Nov 25,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ယမန်နေ့ နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးစမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Nov 25,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။