အိမ်မဲ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု ၆လ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲခြင်း(VDP) သင်တန်းဆင်ပွဲ အခမ်းအနားကို အဆိုပါ ဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၉နာရီခွဲကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော် နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုး လွင် တို့က (VDP)သင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းနှင့်သင်တန်းဆင်းအမှာစကားတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးကသင်တန်းဖွင့်လှစ်ပေးမှုကြောင့်ရရှိ လာသည့် အတွေ့အကြုံများ၊ အကျိုးကျေးဇူးများနှင့်သင်တန်းဖွင့်လှစ်ပေးသောတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြော ကြားခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းတွင်ကျေးရွာ (၅) ရွာမှ သင်တန်းသား/သူ (၁၀)ဦး တက်ရောက်ခဲ့ပြီးသင်တန်းကာမှာ (၄)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းသိရသည်။
“ကျေးရွာလူထုကိုယ်တိုင်ကျေးရွာရဲ့ပကတိအခြေအနေကို ဆန်းစစ်ပြီးဦးစားပေးလိုအပ်ချက်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများရဲ့ ဦးစားပေးစီမံချက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ သိရှိပြီး မိမိတို့ဘတ်ဂျတ်မှာနှစ်စဉ် ပုံငွေရန်ပုံငွေလျာထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ရရှိလာသောစီမံချက်အဆိုပြုလွှာများကို မြို့နယ်အဆင့်ဦးစီးဌာန အသီးသီးရဲ့ဖွံ့ဖြိုးရေးအစီအစဥ်များနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်စေရန်”စတဲ့ရည်ရွယ်ချက်များနဲ့ သင်တန်းသင်ကြားပေးရခြင်းဖြစ်ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးမှသိရ သည်။
ချစ်သက်လယ်(အိမ်မဲ)