သတင်းများ

မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာ/ရှမ်းဘာသာများဖြင့် အသိပေး လှည့်လည်နှိုးဆော်
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံနေရာများတွင် လက်ကိုင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်မြန်မာနှင့် စကောကရင် နှစ်ဘာသာ ဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်
Nov 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ စကော ကရင် ဘာသာတို့ဖြင့် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ နှင့်လမ်းဆုံနေရာများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက် ခဲ့သည်။
မုံးထမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Nov 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့လယ်ပိုင်းက မုံးထမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စုရပ်ထားရှိပြီး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံး ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို နိုင်ဝင်ဘာ ၂၄ ရက် နေ့လည် ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောက်မြို့မ​စျေး ၌ မီး​ဘေးလုံခြုံ​ရေးကြိုတင်ကာကွယ်​ရေးလက်​တွေ့မီးငြိမ်းသတ်သရုပ်ပြ
Nov 25,2021
မ​ကွေးတိုင်းဒေသကြီး၊မ​ကွေးခရိုင်​၊ ချောက်မြို့နယ် မြို့မဈေး၌မီးဘေးလုံခြုံ​ရေး ကြိုတင်ကာကွယ် ရေးအတွက် ယနေ့ နံနက်၁၀နာရီကမီးငြိမ်းသတ်ရေးလက်တွေ့ သရုပ်ပြမှုကိုအဆိုပါဈေး​​​ရှေ့တွင်ကျင်းပ သည်။
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 25,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာနက ဖြန့်ဝေသော သတင်းစကား လမ်းကမ်းစာစောင်များကို မြင်းမူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြို့နယ်ပြန်/ဆက် ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လိုက်လံဖြန့်ဝေ ပေးခဲ့သည်။
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့တွင် ကျရောက် မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက ခမောက်အခြေခံပညာ အထက်တန်း ကျောင်း၊ ဆိုင်ကယ်ကယ်ရီဂိတ်၊ လက်ဘက်ရည်ဆိုင်၊ ဈေးဆိုင်များတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Nov 25,2021
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရောက်ရှိမည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။