ဝိုင်းမော်မြို့နယ်၌ (၃၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်‌နေ့အကြို ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

ဝိုင်းမော် နိုဝင်ဘာ ၇

(၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အများနှင့် သက်ဆိုင်သည့် နေရာများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ အများပြည်သူကျန်းမာရေး အတွက် အဓိကကျသည့်  ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာဘာ ၆ ရက် နံနက်ပိုင်းမှစ၍ ထွေအုပ် ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး ဝိုင်းမော်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ (၃၃) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထိမ်းအမှတ်အကြို လှုပ်ရှားမူကို နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးအောင်မြတ်ထိုက်နှင့်‌ ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ဆန်းဝင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများက ဝိုင်းမော်မြို့ ရပ်ကွက် (၁) ရှိ မြစ်ကြီးနား - ဗန်းမော် ကားလမ်းမကြီးနှင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းဆုံမီးပွိုင့်နှင့် ဝိုင်းမော်မြို့ မြို့မဈေးတွင် လာရောက်သည့် ဒေသခံပြည်သူများနှင့် ဈေးရောင်း ဈေးဝယ်များအား နှာခေါင်းစည်း Mask (၅၀၀၀)‌‌ကျော်ကို ဝေငှပေးခဲ့ပြီးနောက် ဝိုင်းမော်မြို့ ရပ်ကွက်(၃) အောင်ချမ်းသာစေတီတော် မြတ်ကြီးတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး အောင်ချမ်းသာကျောင်းထိုင်ဆရာတော်နှင့် သံဃာတော်အရှင်မြတ်တို့အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး ဦးဆောင်သည့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ ဗိုလ်မှူး ထင်လင်းထွန်းနှင့် ထွေအုပ်ဝန်ထမ်းများက နေ့ဆွမ်းနှင့် နဝကမ္မအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဝိုင်းမော်(ပြန်/ဆက်)