လှိုင်းဘွဲမြို့နယ်၌ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

လှိုင်းဘွဲ နိုဝင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ရှိ ကျိုက်မုရောစေတီတောင်ပေါ်ကျောင်း၌ မြို့နယ်မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲနှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်စစ်မှုထမ်းဟောင်းအဖွဲ့များ စုပေါင်း၍ ရင်ပြင်တော် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားပရဝုဏ် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ယာယီမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ဆွမ်းစားဆောင်၊ ဆွမ်းချက်ဆောင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

စောဒိ(ပြန်/ဆက်)