လှိုင်းဘွဲ နိုဝင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းဝတ်မှုံခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က လှိုင်းဘွဲမြို့ နယ်မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်းနှင့်ရှာဖွေကယ် ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ချုပ်၊ ကရင်ပြည်နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဗဟို ဒုတိယဥက္ကဌ ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြပေးခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးလှိုင်ထွေးက သင်တန်းသား၊ သင်တန်းသူများအား အရေးပေါ်လူနာ များကိုရှာဖွေခြင်း၊ အသက်ကယ်ခြင်းနှင့်Fire Rescue သင်တန်းပို့ချပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့ပြီး လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ မြို့နယ်ဥက္ကဋ္ဌ ဦးဝေယံလင်းက သင်တန်းသား၊ သင်တန်းသူများကို အားပေး စကားနှင့် လိုအပ်သည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြမှူး ဦးပုလဲနက်က သင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များကိုရှင်းပြပေးခဲ့ပြီး နောက် အရေးပေါ်လူနာအား အုပ်စုဖြင့်ကူညီကယ်ဆယ်ပေးခြင်း၊ တစ်ဦးတည်း အရေးပေါ် ကူညီကယ်ဆယ်ပေးခြင်းကို သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်တွေ့ သရုပ်ပြပွဲကို ဆောင်ရွက်ပေးခဲ့ကြသည်။
နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ် သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမနှင့် ဘောလုံးကွင်း၌ နိုဝင်ဘာလ ၁၃ရက်နေ့မှ ၂၂ ရက်နေ့အထိ (၁၀) ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြများအဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြ(၅)ဦး၊ ကရင်ပြည်နယ် လူမှု ကယ်ဆယ်ရေးအဖွဲ့မှ သင်တန်းနည်းပြ(၅)ဦးတို့က လှိုင်းဘွဲမြို့နယ် အတွင်းရှိ ကျေးရွာများမှ လူငယ်လူရွယ်များ၊ ရွှေနတ်တောင်လူမှု ကယ်ဆယ်ရေးအဖွဲ့၊ (သဒ္ဒါဖြူ) အစ္စလာမ် လူမှု ကူညီရေးအသင်းတို့မှ လူငယ်သင်တန်းသား(၇၅)ဦး၊ သင်တန်းသူ(၃၅)ဦး၊ စုစုပေါင်း(၁၁၀)ဦးတို့အား အခြေခံစစ်ရေးပြ ဘာသာရပ်၊ လူနာသယ်ဆောင်နည်း၊ မီးသတ်နည်းပညာ၊ PPE ဝတ်စုံ ဝတ်နည်း/ချွတ်နည်း၊ ပိုးသတ်ဆေးဖျန်းနည်း၊ SWAP ယူနည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)