ချောင်းဆုံ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သည် နိုဝင်ဘာလ ၁၂ မွန်းလွဲပိုင်းက အရည်အသွေးကောင်း သီးနှံစပါးမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူး ရန်နှင့် တောင်သူများကိုယ်တိုင် မျိုးစေ့ ထုတ်လုပ်နိုင်စေရန်အတွက် မြို့နယ်ကိုယ်စားပြု မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ချောင်းဆုံမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်စု၌ ကျင်းပခဲ့ရာ ပေါ်ဆန်းရင် မျိုးစပါးရိတ်သိမ်းမှုနှင့် စပါးထွက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် လိုအပ် သည်များကို ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပြည်တွင်း၊ ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးစားဆောင်ရွက်စေလိုကြောင်းမှာကြား သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအခြေအနေ၊ မိုးစပါး ထွက်ရှိမှုပေါ် အစိုဓာတ်ပါဝင်မှု ရာခိုင်နှုန်းအား တိုင်တာစစ်ဆေးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အဓိကထားဆောင်ရွက်ပေးကြရန်တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
မွန်ပြည်နယ်အနေဖြင့် မိုးစပါးကို ခြောက်သိန်း၊ ရှစ်သောင်းကျော် လျာထားစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုအခါမိုးစပါးကို ရာခိုင်နှုန်းပြည့်မီ ကျော်လွန်စွာ စိုက်ပျိုးနိုင်ပြီဖြစ် ကြောင်း၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက ၆၅၂၁၁ စိုက်ပျိုးထားပြီး မိုးစပါး (RS-CS) မျိုးစေ့ထုတ်ပေါ်ဆန်းရင် မျိုးစပါး စိုက်ပျိုးဧကကို ၁၃၀ စိုက်ပျိုးခဲ့ကြောင်း၊ ဒုတိယသီးနှံအဖြစ် နွေစပါး၊ နေကြာ၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဘိုကိတ်၊ ပဲလွန်း စသည်တို့ကို ယခုနှစ်အတွင်း စိုက်ပျိုး ဧက ၄၃၇၉ လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)