ကျောက်တံခါး နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာမှ ကျင်းပသည့် မြို့နယ်စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများအတွက် အတက်ရောဂါဆိုင်ရာသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးစောဝင်းရွှေနှင့် အမျိုးသမီးကျန်းရေးဆရာမ ဒေါ်နန်းနန်းထွေးတို့က အတက်ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးပို့ချရာ တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ သည်။
အဆိုပါ သင်တန်းသို့ မြို့နယ်ကျန်းမာရေး ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး သင်တန်းကို နိုဝင်ဘာလ(၁၃)ရက်နှင့် (၁၄)ရက်(၂)ရက် ပို့ချသွားမှာဖြစ်ကြောင်း သိရသည်။
စန်းစန်း