သတင်းများ

လပွတ္တာခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 05,2022
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 05,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို တာမွေကြီး(ခ)ရပ်ကွက်ရှိ တာမွေဓမ္မာရုံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 05,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ် ပါမောက္ခချုပ်တံခွန်စိုက်ဖလား ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ၄နာရီအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။
လမိုင်းမြို့၌  အသက် (၅)နှစ်မှ (၁၂ )နှစ်အထိ ကျောင်းနေရွယ် ကလေးများအားလုံး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
Jul 05,2022
မွန်ပြည်နယ် လမိုင်းမြို့ မြို့မ (၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် (၉) နာရီက အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းနေရွယ် ကလေးများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinophramအား ဒုတိယအကြိမ် ထိုးနှံပေးကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 05,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကွက်သစ်ရပ်ကွက်သို့ သွားရောက်ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့တွင် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 05,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အထက(၃)ကျောင်းမှ ကျောင်းသား/သူ(၇၀)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးသင်တန်း ဖွင့်လှစ်
Jul 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ရှင်သာမဏေများ၊ သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jul 05,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ‌အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ ‌ရှင်သာမဏေများ၊ သီလရှင်များနှင့် ကျောင်းပြင်ပ ကလေးများအား ယနေ့နံနက်က လိပ်အင်းရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။